၁၀၀တန် -လွှမ်းပိုင် (Lyrics)


အတူတူတွဲထားခဲ့တဲ့လက်တွေဘယ်တော့မှမဖြုတ်တော့ဘူးကွာ
ဒီလိုမင်းပြောခဲ့တဲ့စကားတွေငါယုံကြည်နေဆဲပါ
ရင်ခုံခြင်းနဲ့အချစ်ရဲ့သက်သေနင်ပေးတဲ့ကြင်နာတဲ့အနမ်းများ
တကယ်ကိုခြောက်သွေတဲ့ငါ့ရဲ့ဘ၀အတွက်လိုအင်မှုများပါ
ပျော်ရွှင်ခြင်းနဲ့အချစ်ကိုရှာတွေ့ပီရင်မှာသိမ်းဆည်းထားမယ်အပျက်အစီးမရှိ
အတူတူအိပ်မက်များရယ်ဆေးစက်များရယ်အားလုံးနင်ဖျက်ဆီး

အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းချစ်နေဆဲပါ
ထာဝရမင်းကငါ့ရဲ့ချစ်သူအတိတ်မှာတွင်ချန်ကျန်နေဆဲပါ
အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းရှိနေဆဲပါ
ပြုစားတယ်သူမတကယ်ငါမုန်းလို့မရတော့ချစ်နေယုံပဲ


သူနဲ့ယှဉ်ရင်ငါကရာတန်တစ်ရွှက်ပါပဲအရင်ကပြာယာခတ်စွာနဲ့မင်းဆီကိုသယ်လာပြဿနာပဲ
ငါ့လိုမစာနာတတ်ပါတဲ့လူနဲ့ယှဉ်ရင်တော့သူကအရာရာပိုပီးထက်ပါတယ်
ဟုတ်တယ်မှလားချစ်သူငါ့ကိုပြောပါမသက်ညှာနဲ့
မင်းပြောသလိုငါကမင်းကိုချစ်တာရယ်ရစ်တာရယ်ကလွှဲရင်အမြဲတမ်းကိုအပစ်ရှာတယ်
ဒီလိုမျိုးဖြစ်လာတဲ့ငါ့စိတ်ကိုလည်းငါသိပါတယ်
တစ်ထစ်ရှိဒါပဲပြောနေတဲ့ငါကမင်းကိုအပြစ်မရှိရှာတယ်
ဒီလိုဖြစ်ရှိလာတဲ့ငါ့ရဲ့စိတ်ကိုသည်းခံပါကွယ်
ပြောမဲ့စကားအကျဉ်းတန်ပါတယ်ဆိုတဲ့စကားနဲ့ထိခိုက်လာတယ်
တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာလည်းတစ်ဖြည်းဖြည်းနဲ့ပိုစိတ်ကနာတယ်
အဓိကဘာလည်းနာလည်မှုခွဲပြဲသံသယနဲ့လွန်ဆွဲ
အမှားအမှန်ကိုဒွန်တွဲမခွဲခြားပဲစွပ်စွဲခဲ့တာတွေအကုန်လုံးကလည်းငါ့အပြစ်ပါပဲ
နင်မထားခဲ့ပါနဲ့ငါတားချင်တာပဲစဉ်းစားတော့ဒါအတ္တပဲ
ထင်တိုင်းကိုကောက်ချက်ချစွဲမင်းကိုအနိုင်ယူခဲ့တာအမြဲ
ဒီလိုတယူသတန်တဲ့ငါနဲ့မင်းနဲ့မတန်တာအမှန်ပါပဲ
ငါ့ဘ၀ထဲနင်မ၀င်လာနဲ့ငါအတွက်နင်ဘာသာယာလည်း
ငါ့ကြောင့်နင်ငိုနေတာအမြဲငါကြောင့်နင်အဆူခံရမြဲ
ဟုတ်တယ်ငါကရှုပ်တယ်ငါ့ကိုမင်းဘ၀ထဲထုတ်ပယ်
ဒီလိုလူယုတ်ရဲ့လက်ထဲကနေပြန်ပါတော့ကွယ်မင်းကိုချစ်တယ်

အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းချစ်နေဆဲပါ
ထာဝရမင်းကငါ့ရဲ့ချစ်သူအတိတ်မှာတွင်ချန်ကျန်နေဆဲပါ
အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းရှိနေဆဲပါ
ပြုစားတယ်သူမတကယ်ငါမုန်းလို့မရတော့ချစ်နေယုံပဲ

အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းချစ်နေဆဲပါ
ထာဝရမင်းကငါ့ရဲ့ချစ်သူအတိတ်မှာတွင်ချန်ကျန်နေဆဲပါ
အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းချစ်နေဆဲပါ
သူအမြဲလျှောက်တဲ့ကျောင်းလမ်းလေးရဲ့အပေါ်ငါလေလျှောက်နေဆဲပါ
အားလုံးပီးဆုံးသွားပေမယ့်လည်းကိုယ်မပြောင်းလည်းချစ်နေဆဲပါ
ပြုစားတယ်သူမတကယ်ငါမုန်းလို့မရတော့ချစ်နေယုံပဲ
ငါမုန်းမရတော့ချစ်နေယုံပဲ...

Download The Song Here

2 comments:

  1. သီချင်းလေး မိုက်တယ်ဗျာ

    ReplyDelete
  2. အရမ်းကြိုက်တယ်။

    ReplyDelete

ဝေဖန်မှုတွေကို ကြိုဆိုလျက်ပါ..

Recent Comments

Followers

Facebook

Twitter Update

Enter your email address: